ကြည့်မြင်တိုင် လွှတ်တော်ကိုယ်စားလှယ် ရုတ်သိမ်းရေး လက်မှတ်များ စုဆောင်း

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့ နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိန်အား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည် ရုပ်သိမ်းပေးရေးအတွက် ကော်မရှင်တင်နိုင်ရန်  လက်မှတ်များ လိုက်လံ ကောက်ခံမှုများ ရှိနေကြောင်း ယင်းရပ်ကွက်မှ သတင်းရရှိသည်။

 ”မြို့နယ်အတွင်းမှာ လက်မှတ် ကောက်ခံနေတာ သုံးရာကျော် လောက်ရှိနေပါပြီ၊ လက်မှတ် ခုနစ် ရာကျော် ရှိလာရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံကို လွှတ်တော်အစည်းအဝေး ပြန် လည် စတင်နေတဲ့အချိန်မှာ တင်ပြသွားမှာပါ”ဟု ကြည့်မြင်တိုင် ဘောဂရပ်ကွက်နေသူ တစ်ဦးက ပြောပြသည်။

ဘောဂရပ်ကွက်အတွင်း ဆယ်အိမ်မှူးအဖြစ် ရွေးချယ်ထားသာ ရပ်မိရပ်ဖ ၅ဦး၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် စွပ်စွဲချက်များဖြင့် တိုင်ကြားမှုများရှိကြောင်း၊ ဆန္ဒပြပွဲမှာပါသည့် သူများကိုလည်း ငွေပေးပြီး စည်းရုံးသည်ဟု ဂျာနယ်တစ်စောင်မှာ ပြောသွားခဲ့ကြောင်း ဦးထွန်းထွန်းကျော်၏ အဆိုအရသိရသည်။ 

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကြည့်မြင်တိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိန်က မီဒီယာများကို ရှင်းပြရာတွင် ”သူတို့ ဆန္ဒပြပွဲလုပ်ပြီးသွားတော့ ဦးဆီမှာ လူတစ်ယောက် ပိုက်ဆံ ၃ဝဝဝ လာတောင်းတယ်။ ဘာလို့တောင်းတာလဲမေးတော့ ဒီဆန္ဒထုတ်ဖော်ပွဲမှာပါရင် ငွေ၃ဝဝဝပေးမယ်လို့ ပြောတယ်။ အဲဒါတော့  ဦးရဲ့ ကိုယ်တွေ့ပါ”ဟု ဆိုသည်။

 
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည် ရုပ်သိမ်းရန် လုပ်ဆောင်နေမှုအား ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေဖြင့် ဥပဒေအတိုင်း စကားပြောသွားမည်ဖြစ်ကြောင်း ဦး သန်းစိန်က ဆက်လက်ပြောပြခဲ့သည်။

ကြည့်မြင်တိုင်မြို့ နယ်   ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးသန်းစိန် သည် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ တွင် ပြည်ထောင်စုကြံခိုင်းရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံကာ အနိုင်ရရှိခဲ့သူ ဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ်အနေဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဥပဒေနှင့် ပတ်သက်၍ မပြုလုပ်ပေးကြောင်း၊ မြို့နယ်တွင်ရှိသည့် ပြည်သူများအား စွပ်စွဲရေးသားမှုများ၊ တိုင်ကြားမှု များပြုလုပ်ကြောင်း၊ စသည့်အချက်များကြောင့် ကိုယ်စားလှယ်အနေမှ ရုပ်သိမ်းရန် စာတင်ပြခြင်းဖြစ် ကြာင်း သိရသည်။
 
ယင်းကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များအား ပြန်လည်ရုပ်သိမ်းပေးရန် တင်ပြမှုသည် ဒုတိ ယအကြိမ်ဖစ်ကြာင်း သိရသည်။ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေ ခံဥပဒေအရ ရွေးကောက်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ပြန်လည် ရုပ်သိမ်းလိုပါက သက်ဆိုင်ရာ မဲဆန္ဒနယ်ရှိ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်း က ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်တန်းချက်ပေးပို့ရမည်ဖြစ် ပြီး ရွေးကောက်ပွဲ   ကော်မရှင်က စုံစမ်း စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်ဟု ပြဌာန်းထားသည်။

မိုးစက်

0 မှတ်ချက်များ: