၂၀၁၃ခုနှစ် ဇန်န၀ါရီလ ၃ရက်က ဖြစ်ပွားခဲ့သော
ပန်းဘဲတန်း ဒီချုပ်ရုံးခန်းတွင် ပါတီဝင်က ၁၅နှစ်အရွယ် အမျိုးသမီးငယ်ကို
အိပ်ဆေးခတ် မတရားပြုကျင့်မှုအပေါ် ဇန်န၀ါရီလ ၅ရက်နေ့ က ဒီချုပ်အဖွဲ့ မှ
တာဝန်ရှိသူတစ်ဦး၏ ကာယကံရှင်နှစ်ဦးမှာ ရည်ငံနေကြောင်း ကြားသိရသည်ဟု
ရှင်းလင်းပြောဆိုချက်ကို အမျိုးသမီးငယ်၏ မိသားစုဘက်မှ
မဟုတ်မှန်ကြောင်းနှင့် ယင်းကိစ္စကို တရားဥပေဒအတိုင်း ဆက်လက်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြားသိခဲ့သည်။
"အမှုကို
ကျေအေးပေးမယ်တို့ ၊ သူတို့ ကို ပေးစားမယ်ဆိုတာတို့ ဆိုတာ လုံးဝမဟုတ်ပါဘူး၊
ပြီးတော့ သူတို့ နှစ်ယောက်က ရည်းစားတွေမဟုတ်ပါဘူး၊ ကျွန်တော်တို့ အနေနဲ့ 
တရားဥပဒေအတိုင်းပဲ ဆက်လက် လုပ်ဆောင်သွားမှာပါ"ဟု အမျိုးသမီးငယ်၏
ဦးလေးဖြစ်သူက မီဒီယာများကို ဖုန်းဖြင့် ဖြေကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ
့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်တိုးက မီဒီယာများကို ရှင်းလင်း
ပြောကြားရာတွင် ၄င်းအနေဖြင့် မြို့ နယ်တာဝန်ရှိသူများနှင့် ပညာရေးကွန်ယက်မှ
တာဝန်ရှိသူများမှတဆင့် ကြားသိရကြောင်း၊ ပါတီအနေဖြင့် ဖိအားပေးသလို
ဖြစ်မှာစိုးသဖြင့် ယင်းကိစ္စကို ပါဝင်မည်မဟုတ်ကြောင်း၊ ဘာသာရေးအဖွဲ
့များနှင့် မြို့ နယ်တာဝန်ရှိသူတွေ သွားရောက် စကားပြောကြမည်ဟု
ကြားသိရကြောင်း၊ မိန်းကလေးငယ်ဘက်မှ ကိုယ်ချင်းမစာချင်းမဟုတ်ဘဲ မည်သူ့ ကိုမှ
မနစ်နာစေချင်ကြောင်း၊ ၄င်းလိုလားချက်မှာ တရားဥပဒေ၏ ရှေ့ မှောက်တွင်
အမှန်အတိုင်းသာ ဖြစ်စေချင်ကြောင်း ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ
့ချုပ်အနေဖြင့် ကာယကံရှင် အမျိုးသမီးငယ်ဘက်ကို သွားရောက် တောင်းပန်မည်ဟု
ကြားသိရသော်လည်း ယနေ့ ထိ သွားရောက်ခဲ့ခြင်းမရှိသေးကြောင်း အမျိုးသမီးငယ်၏
ဦးလေးဖြစ်သူ အဆိုအရ သိရှိရသည်။
ယခုလ ၃ရက်နေ့ က
ပန်းဘဲတန်းမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီရုံးခန်းရှိ
ပညာဒါနသင်တန်းကျောင်းတွင် အသက်မပြည့်သေးသော ကျောင်းသူတစ်ဦးအား ပါတီဝင်
ကိုခင်မောင်ထူး (ခ) ကိုသားကြီး (ခ) ဆိုဖီရင်းဆိုသူမှ
မတရားပြုကျင့်ခဲ့မှုအပေါ် ၄ရက်နေ့ တွင် ကာယကံရှင်မိသားစုဘက်မှ ပန်းဘဲတန်းမြို
့နယ်ရဲစခန်းတွင် (ပ) ၈/၂၀၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်
တိုင်ကြားထားသည်။
ကေ
ဒီချုပ်ပါတီဝင် အဓမ္မပြုကျင့်မှုတွင် ကာယကံရှင် နှစ်ဦးမှာ ရည်ငံနေသည်ဟု ဒီချုပ်တာဝန်ရှိသူတစ်ဦး၏အဆိုကို ကာယကံရှင် အမျိုးသမီး မိသားစုဘက်မှ ငြင်းဆို
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်