နိုင်ငံသားအဖြစ်အပြည့်အဝ မခံယူထိုက်သူများက ရယူထားသော မှတ်ပုံတင်တွေပြန်သိမ်းတော့မည်

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနထံ မှ နိုင်ငံသားစိ စစ်ရေး ကတ်ပြားကို နိုင်ငံသားအဖြစ်အပြည့်အဝ မခံယူထိုက်သူများက ရယူထားမှုများရှိနေသဖြင့် ပြန်လည် စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက၁၃-၂-၂၀၁၃ ရက်တွင် ပြောကြားသည်။

ပြည်ထောင်စုဝန်ြ ကီး၏ ဆိုလိုရင်းအရမြန်မာနိုင်ငံတွင်နှစ်ပေါင်းများစွာ နေ ထိုင်ခဲ့သော နိုင်ငံခြားသားများက၁၉၈၂ ဥပဒေပါအချက်များကိုကျော် လွန်ကာ အခကြေးငွေပေးပြီးနိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ခဲ့မှုများရှိသဖြင့် ယင်းတို့ကို စစ်ဆေးတော့မည့်သဘောမျိုးဖြစ်သည်ဟု သိရသည်။

“လဝကရဲ့ ကတ်တွေအကျုံးဝင်မဝင် ပြန်စစ်နေတယ်။ အကျုံးမဝင်ရင်ပြန်သိမ်းမယ်” ဟု ပြည်ထောင်စုဝန်ကြီးဦးခင် ရီကဆိုသည်။

မြန်မာနိုင်ငံတွင်ဒုတိယကမ္ဘာစစ်မှမျိုးဆက်များစွာ ကျန်ရှိနေခဲ့ပြီးနိုင် ငံခြားသားအချို့သည် မြန်မာနိုင်ငံသား၊အမျိုးသမီးများနှင့်အတည်တကျ
ပေါင်းသင်းဆက်ဆံကာ မိသားစု ထူထောင် ထားကြသော်လည်းတရား ဝင်နိုင်ငံ သားဖြစ်ခွင့် မရှိခဲ့ကြကြောင်းသိရသည်။

“လဝကရဲ့၁၉၈၂ ဥပဒေအရမှာ နိုင်ငံခြားသားနဲ့လက်ထပ်ထား တဲ့ မြန်မာ အမျိုး သမီးတစ်ယောက်ရဲ့ သားဟာ နိုင်ငံသားဖြစ်ခွင့်မရသေးဘဲ တတိယ မျိုးဆက် ဖြစ်တဲ့မြေးဖြစ်သူသာလျှင်မြန်မာနိုင်ငံသား ဖြစ်ခွင့်ရမှာပါ”ဟုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှအဆင့်မြင့် အရာရှိတစ်ဦး က ပြောကြားသည်။

အချို့သော တောဒေသနှင့်မြို့များတွင် နိုင်ငံသားဖြစ်ခွင့် မရကြသေးသူများ က လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ကာ မှတ်ပုံတင်ပြုလုပ်ရရှိနေကြကြောင်း၊ အချို့မှာ မှတ်ပုံတင်အတုပင်လျှင် ကိုင်ဆောင် သုံးစွဲနေမှုများရှိကြောင်း၂၀၁၃ ခုနှစ်ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ်ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါ သည်။

Posted From ဗမာ့ သား

0 မှတ်ချက်များ: