ပုဂံ-ညောင်ဦးမှာ (၁၆) ရက်အတွင်း နိုင်ငံခြားသားတွေဆီက လုယက်မှု (၃) မှုဖြစ်ပွားခဲ့တာမှာ တစ်မှုကို နှစ်ရက် အတွင်းဖော်ထုတ်နိုင်ခဲ့ပြီး ကျန်နှစ်မှုကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေကြောင်း သတင်းရရှိ။
ဖြစ်ပွားပုံမှာ (၆) ရက်နေ့၊ (၁၄) ရက် ၊ (၁၆) ရက်နေ့တို့တွင်ဖြစ်ပွားခဲ့ပြီး (၁၆) ရက်နေ့ နေ့လည်မှာ အင်္ဂလန် နိုင်ငံသူနှစ်ဦးထံကနေ လုယက်သူများကို (၂) ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်။
“(၁၆) ရက်နေ့ နေ့လည်နှစ်နာရီခွဲလောက်မှာ ညောင်ဦးအမှတ် (၇) ရပ်ကွက်ဝက်ကြီးအင်း၊ပုဂံညောင်ဦးလမ်း ဟောင်းမှာ အင်္ဂလန်နိုင်ငံသူနှစ်ဦးဆီကနေပြီးလုသွားတာပါ။ အခုနှစ်ရက်အတွင်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကျန်တဲ့နှစ်မှုကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေပါတယ်”လို့ ညောင်ဦရဲစခန်း စခန်းမှူးကပြောဆို။

ပစ္စည်းအလုခံရသူ Mrs.Rahwinder Rettura နဲ့ Mrs.Coytbsarah တို့နှစ်ဦးတို့ဟာ မြန်မာနိုင်ငံကို ပထမဦး ဆုံးအကြိမ်လာရောက်လည်ပတ်ခြင်းဖြစ်ပြီး အခုလိုပထမဦးဆုံးအကြိမ်လာရောက်လည်ပတ်ရာမှာ လုယက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်။
“ကျွန်မတို့ကမြန်မာနိုင်ငံကိုလာတာအခုအကြိမ်ကပထမဦးဆုံးအကြိမ်ပါ။ ကျွန်မတို့စက်ဘီးစီးနေတဲ့အချိန်မှာ အနောက်ကနေလိုက်ပြီးတော့ဆိုင်ကယ်နဲ့လူနှစ်ဦးကခြင်းထဲကအိတ်ကိုနှိုက်သွားတာ။ ကျွန်မတို့ကိုပြစ်မှုကျူး လွန်တဲ့သူတွေဖမ်းမိသွားပြီလို့ပြောတော့အံ့သြသွားတယ်။အရမ်းဝမ်းသာလို့မျက်ရည်တောင်ကျမိတယ်” လို့ Mrs.Rahwinder Rettura ကပြော။
အလုခံရသူတွေရဲ့ ပစ္စည်းတွေကို ညောင်ဦးရဲစခန်းက ပြန်လည်ရှာဖွေပြီး သက်သေများအရှေ့မှာ ညောင်ဦး မြို့နယ်မှူးနဲ့ ညောင်ဦးရဲစခန်း စခန်းမှူးတို့က အလုခံရသူ နိုင်ငံခြားသူတွေကို ပြန်လည်ပေးအပ်ခဲ့။
သတင်းနဲ့ဓါတ်ပုံ - အောင်စိုးထိုက် ICJ
ီDVB News

0 မှတ်ချက်များ:
မှတ်ချက်ပြုရန်