ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှု နောက်ဆက်တွဲသတင်းများ

စုစည်းဖေါ်ပြပါသည်။

ဗုဒ္ဓဂယာ၊ ဇွန် ၇
ဇွန်လ(၇)ရက် နံနက်တွင် အန္ဒိယနိုင်ငံအရှေ့ဘက်ဗုဒ္ဓဂယာဝင်းအတွင်းရှိ မဟာဗောဓိစေတီအနီးတွင်ယနေ့နံနက်က

(အန္ဒိယစံတော်ချိန် ၅ နာရီ ၁၅မိနစ်ခန့်) ဗုံးဆက်တိုက်ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းကြောင့်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ၂ ပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကြောင်းသိရသည်။

"ဒီမနက်အစောပိုင်းမှာ ပေါက်ကွဲအားနည်းတဲ့ ဗုံး ၈ လုံးဆက်တိုက်ပေါက်ကွဲခဲ့ပြီး ၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်" ဟု ရဲတပ်ဖွဲ့ အကြီးတန်းအရာရှိ S.K. Bharadwaj ကပြောသည်။ပေါက်ကွဲမှုကြောင့် သက်တော် ၅၀ အရွယ် တိဘက်ဘုန်းတော်ကြီး တစ်ပါးနှင့် သက်တော် ၃၀ အရွယ် မြန်မာ ဘုန်းတော်ကြီး တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ယင်းကပြောသည်။

ထို့အပြင် ဗုဒ္ဓဂယာဝင်းအတွင်း အခြားဗုံး ၂ လုံးကိုလည်း ရှာဖွေတွေ့ရှိပြီး ဖယ်ရှားနိုင်ခဲ့ပြီး တစ်လုံးမှာ ညဏ်တော် အမြင့် ပေ ၈၀ ခန်ရှိသော ဗုဒ္ဓဆင်းတုတော်အနီးတွင် ထောင်ထားခြင်းဖြစ်သည်ဟု S.K. Bharadwaj က ဆိုသည်။

" မဟာဗောဓိညောင်ပင်ကိုတော့ ဘာမှ ထိခိုက်မှုမရှိပါဘူး "ဟု ဘိုင်ဟာပြည်နယ်ရဲတပ်ဖွဲ့ ရဲမှုးကြီးAbhayanand ကပြောသည်။

အန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မန်မို ဟန်ဆင်းကလည်း ယူနက်စကို၏ ကမ္ဘာရှေးဟောင်းအမွေအနှစ်ဒေသဖြစ်သောဗုဒ္ဓဂယာဝင်းအတွင်း
ဗုံးခွဲလုပ်ကြံမှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး "ဘာသာရေးအမွေအနှစ်နေရာများကို တိုက်ခိုက်လာခြင်းအား လုံးဝ သည်းခံနေမည်မဟုတ်" ဟု သတိပေးလိုက်ကြောင်း ဒေသတွင်း သတင်းစာ the Press Trust of India က ရေးသားဖြော်ပြထားသည်။

အန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန အကြီးတန်း အရာရှိ Anil Goswami က ယင်းလုပ်ရပ်အား အကြမ်းဖက်မှုတစ်ရပ်ဟု ဆိုသော်လည်း အကြမ်းဖက်ဖောက်ခွဲမှုသည် မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဆိုသည်ကို မသိရသေးကြောင်း ဆိုသည်။ဗဟိုအစိုးရက ပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ၂ ဖွဲ့စေလွတ်ထားသည်ဟုလည်း ယင်းကပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဗုဒ္ဓဂယာဝင်းအတွင်း လုံခြုံရေး အင်အားတိုးမြင့်ချထားပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဘုန်းတော်ကြီး ၂ ပါးအား ဆေးရုံသို့ ပိုဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့ကြောင်း ဒေသခံရဲအရာရှိ Bharadwaj က ပြောသည်။

Ref: AFP ,the Trust of India
Popular Myanmar News Journal

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုများကြောင့် ဝမ်းနည်း စိတ်ထိခိုက်နေသည့် သီရိလင်္ကာ သမတ ရာဇပက်ကသျှ

သီရိလင်္ကာ သမတ မဟိန္ဒ ရာဇပက်ကသျှသည် အပြည်ပြည်ဆိုင်ရာတွင်လည်း ကျော်ကြားပြီး ဗုဒ္ဓဘာသာဝင်များ အတွက်လည်း ဘာသာရေးအရ ထူးမြတ်သည့် နေရာ တစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံ မဟာဗောဓိ စေတီတော်ကျောင်းတွင် တနင်္ဂနွေနေ့က ဆက်တိုက် ဗုံးပေါက်ကွဲမှု သတင်းကြောင့် စိတ်ထိခိုက် တုန်လှုပ်ချောက်ချားခဲ့ရသည်။

“ဒီသတင်းကြောင့် သမတကြီး ရာဇပက်ကသျှ စိတ်ထိခိုက် တုန်လှုပ်ချောက်ချားခဲ့ရပါတယ်”ဟု သမတ၏ မီဒီယာ ညှိနိုင်းဆောင်ရွက်ရေးမှုး ဝိဇယနန္ဒ ဟယ်ရာက ပြောကြားသည်။

သမတကြီးက မဟာဗောဓိ ဘုရားကျောင်း အကြီးအကဲနှင့် စကားပြောခဲ့ကြောင်းနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ဒေလီမြို့တော်ရှိ သီရိလင်္ကာ သံရုံးတို့ကို စုံစမ်းစစ်ဆေးပြီး ၄င်းထံ တင်ပြရန် ပြောကြားခဲ့ကြောင်း အရာရှိက ဆိုသည်။

မဟာဗောဓိ ရင်ပြင်တော်ပေါ်ရှိ လူလေးဦး အပါအဝင် ရဟန်းတော် နှစ်ပါးကို ထိခိုက်ဒဏ်ရာ ရရှိစေခဲ့သည့် တနင်္ဂနွေနေ့က ဗုံးရှစ်လုံး အတွဲလိုက် ပေါက်ကွဲခဲ့မှုသည် ဗီဟာပြည်နယ်ရှိ ဘုရားကျောင်း မြို့ ဗုဒ္ဓဂါယာကို တုန်လှုပ်သွားစေခဲ့သည်။

ဗုဒ္ဓဘာသာဝင် အများစုဖြစ်သည့် သီရိလင်္ကာနိုင်ငံမှ လူထောင်ပေါင်းများစွာသည် ဗုဒ္ဓဂါယာသို့ ဘုရားဖူးခရီးအဖြစ် သွားရောက်ကြသည်။ ၄င်းနေရာသည် ဗုဒ္ဓရှင်တော်မြတ် သဗ္ဗညုတဉာဏ်တော် ရရှိတော်မူရာ နေရာ တနည်းအားဖြင့် ဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော်မူခဲ့ရာ နေရာဟု ဆိုကြသည်။

ယခုနှစ်အစောပိုင်းကလည်း ချနိုင်း အခြေစိုက် ဗုဒ္ဓဂါယာ အသင်းနှင့် တွဲဖက် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် မဟာဗောဓိရုံးများသည်လည်း သံသယရှိနေသည့် တမီးလ် အုပ်စုများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသေးသည်။

ဘုန်းဉာဏ်

India Today သတင်း
http://indiatoday.intoday.in/story/sri-lanka-president-rajapaksa-saddened-by-bodhgaya-explosions/1/287311.html

Posted From Yoke Thaeyoke

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ၌ ဇူလိုင် (၇) ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွား ရာ မြန်မာနိုင်ငံမှ စာသင်သား ရဟန်းတစ်ပါးနှင့် အမျိုးသားတစ်ဦးတို့ ဒဏ်ရာ များ ရရှိသွားကြောင်း သိရသည်။

နံနက် (၅) နာရီခွဲခန့်တွင် ဗုဒ္ဓဂါယာ မဟာဗောဓိစေတီတော်ဝင်းအတွင်းရှိ မဟာဗောဓိညောင်ပင်အောက်တွင် ဗုံး (၂) လုံး၊ ရတနာဃရသတ္တဟတွင် ဗုံး (၁) လုံး၊ အနိမိတ္တသတ္တဟတွင် ဗုံး (၁) လုံး၊

ဂျပန်ဘုရားကြီး ကမာကူရဆင်းတုတော် အနီးတွင် ဗုံး (၁) လုံး၊ တိဘက် ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းတွင် ဗုံး (၂) လုံး စုစုပေါင်း ဗုံး (၇) လုံး ပေါက်ကွဲခဲ့ကြောင်း၊

ကမာကူရဆင်းတုတော်အနီးတွင် မပေါက်ကွဲသည့် အခြားဗုံး (၁) လုံးကို တွေ့ရှိရကြောင်းသိရသည်။

MRTV

0 မှတ်ချက်များ: