ငါး ဦးလျှင် လေးဦး က လက်မထပ် ခင် လိင် ကိစ္စ အတွေ့ အကြုံ ရှိ

လက်ထပ် ထိမ်းမြား ခြင်း မပြု မှီ မှာ ပင် အမျိုး သမီး ငါး ဦး လျှင် သုံး ဦး က သူတို့  ၏
အပျိုစင် ဘ၀ ကို ဘ၀ ကြင် ဖော် မဟုတ် သည့် အခြား တစ်ယောက် နှင့် မျှဝေခဲ့ ကြောင်း
နှင့် ငါး ဦး လျှင် လေးဦး က မူ ကြင်ဖော် သို့  မဟုတ် အခြား တစ်ယောက် နှင့် မျှ ဝေခဲ့
ကြောင်း FNG ၏ လေ့လာမှု စစ်တမ်း တစ်ရပ် အရ သိရ သည်။

ရန်ကုန် ၊ မန္တလေး နှင့် နေ ပြည် တော် မြို့  များ တွင် ပြု လုပ် သည့် FNG ၏ ” လက်
မထပ် မှီ အပျိုစင် ဘ၀ ထိမ်းသိမ်းနိုင်မှု ” စစ်တမ်း တွင် ရန်ကုန် မြို့  မှ ၂၄ ဦး ၊ မန္တလေး
မြို့  မှ ၁၅ ဦး နှင့် နေ ပြည် တော် မှ အမျိုး သမီး ရှစ် ဦး က သူတို့  ၏ အတွေ့ အကြုံ များ
ကို မျှ ဝေခဲ့ ကြသည်။

နိုဝင်ဘာလ အတွင်း က လက်ထပ် ထိမ်းမြှား မှု ပြု ခဲ့ သည့် ကွန်ပျုတာ ဆော့ဖ်ဝဲ နည်း
ပညာရှင် အသက် ၂၅ နှစ် အရွယ် အမျိုး သမီး တစ်ဦး က ” လက်မထပ် ခင် ရည်းစား ငါး
ယောက် ထား ဖူး ပြီး ငါး ယောက် လုံး နဲ့  အတူ လိင် ဆက်ဆံ ခဲ့ ဖူး ကြောင်း FNG ကို
ပြောသည်။

စစ်တမ်း တွင် ဖြေ ဆို သည့် အမျိုး သမီး များ ၏ ထက် ၀က် ခန့် မှာ လက်မထပ် ခင်
လိင်ကိစ္စ အတွေ့ အကြုံ ရှိ ဖူး ရာ ဉ် နှစ် ယောက် ထက် ပင် ပိုမို သည် ဟု အဖြေပေး
ခဲ့ ကြသည်။

ရန်ကုန် မြို့  မှ ဖက်ရှင် နဲ့  အလှ အပ ရေးရာ မဂ္ဂဇင်း မှာ တာဝန် ရှိ သူ တစ်ဦး က မူ
” မိန်း ကလေး တွေ လက်မထပ် ခင် လိင်ကိစ္စ အတွေ့ အကြုံ က သိပ် ပြီး တော့
အဆန်း ကြီး တော့ မဟုတ် တော့ ပါ ဘူး ၊ တစ်ချို့  တွေ ဆို တစ်ပြိုင် တည်း ရည်း
စား နှစ် ယောက် ထား တာ တို့  (ဘွိုင်းဖရန့် ) ရည်စား နှစ် ယောက် နဲ့  အတူ အိပ် တာ တို့ 
တောင် ရှိ တယ်” ဟု ပြောသည်။

မြို့  ပြ ယဉ် ကျေး မှု နှင့် အလှမ်း ဝေး သည့်  နယ် မြို့  များ တွင် မူ မိန်းကလေး ဆယ်
ဦးလျှင် ရှစ်ဦး က သူတို့  ၏ အပျိုစင် ဘ၀ ကို ထိမ်းသိမ်း နိုင် ကြောင်း ဖြေကြားခဲ့သည်။

ရန်ကုန် မြို့  မှ ဆရာ ၀န် တစ်ဦး က မူ လစဉ် အသက် ၁၈ နှစ် မှ ၂၈ နှစ် အရွယ် အမျိုး
သမီး ဆယ် ဦးခန့် မှာ ကိုယ်ဝန် ဖျက် ချ ရန် အတွက် လာသည် ဟု သိရသည်။

ရန်ကုန် မြို့  ရှိ ဆေးဆိုင် များ တွင် သန္ဓေတားဆေး ၊ လိင် အကာအကွယ် များ မှာ ထိပ်
တန်း ၁၀ စာရင်း ၀င် ရောင်း အကောင်း ဆုံး ဖြစ်သည်ဟု သိရသည်။

http://freedomnewsgroup.com/2013/12/11/4-out-of-5/

0 မှတ်ချက်များ: