ပဋိပက္ခဖြစ်စေရန် သွေး ထိုးလှုံ့ဆော်ဖန်တီးမှုများသည် တိုင်းပြည်ကို ဖျက်လိုဖျက်ဆီးပြု လုပ်ခြင်းဖြစ်ပြီး လူမျိုးဘာသာ မရွေးသော လူ့အဖွဲ့အစည်းတစ် ရပ်လုံးကို အန္တရာယ်ကျရောက် စေမည့် လုပ်ရပ်များဖြစ်သည့်အ တွက် နောက်နောင်ဖြစ်ပွားခဲ့ပါက နိုင်ငံတော်အနေဖြင့် လုံးဝသည်းခံ တော့မည်မဟုတ်ဘဲ ပြတ်ပြတ် သားသား ကိုင်တွယ်ပြီး ပြင်းထန် စွာ အရေးယူသွားတော့မည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတဦး သိန်းစိန်က သတိပေးလိုက်သည်။
နိုင်ငံတော်သမ္မတက ဇူလိုင် ၇ ရက်တွင် ရုပ်သံနှင့် ရေဒီယိုများ မှတစ်ဆင့် ရုတ်တရက် မိန့်ခွန်း ပြောကြားလိုက်ခြင်းဖြစ်သည်။
မိတ္ထီလာပဋိပက္ခ အပြီးတွင်လည်းအခြေခံဥပဒေ တည်ဆဲဥပဒေများနှင့်အညီ ထိထိရောက်ရောက်အရေးယူသွားမည်ဖြစ်ကြောင်းသတိပေးပြောကြားလိုသည်ဟုပြည်သူလူထုအား ရှင်းလင်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဖြစ်ရပ် ဖြစ်စဉ်များတွင် ယင်းသို့ သတိပေးပြောကြားဖူးခြင်းမရှိပေ။
မိမိတို့ ကိုယ်ကျိုးစီးပွားကို ရှေးရှုကာ အတ္တကို ရှေ့တန်းတင် လုပ်ဆောင်ကြသူများ၏ သွေးထိုး လှုံ့ဆော်မှုများကြောင့် အပြစ်မဲ့ ပြည်သူများ နာကျင်ခံစားခဲ့ရပြီး နိုင်ငံတကာတွင် တိုင်းပြည်၏ ပုံရိပ်နှင့် သိက္ခာကို ညှိုးနွမ်းစေခဲ့ရကြောင်း၊ လူ့အသိုင်းအဝိုင်းကြားတွင် အမုန်းတရားပြန့်ပွားစေရန် ဖန်တီးမှုများမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
သမ္မတက ၎င်း၏ မိန့်ခွန်းတွင် အစိုးရ၏ ရည်တည်ချက်ဟု သုံးနှုန်းခဲ့ပြီး ဆူပူရမ်းကားမှုများ ကြောင့် အပြစ်မဲ့ထိခိုက်ဒဏ်ရာ ရသူများနှင့် သေဆုံးသွားသူ နှစ်ဦးအတွက်လည်း မိသားစုများနှင့် ထပ်တူဝမ်းနည်းမိကြောင်း ထည့်သွင်းပြောကြားသွားသည်။
‘‘သမ္မတက ပြောတဲ့အတိုင်း တကယ်လုပ်၊ မလုပ်ဆိုတာက တော့ လူထုက ဆုံးဖြတ်ရမှာဖြစ် တယ်။ ရှေ့မှာလည်း ဒီလိုဖြစ်စဉ် တွေ အများကြီးရှိခဲ့ပြီ။ တကယ် လုပ်လား၊ မလုပ်လားဆိုတာ နမူ နာရှိတယ်။ လက်တွေ့ဆောင် ရွက်မှု ရှိ၊ မရှိဆိုတာကတော့ သူ့ သမိုင်းသူရေးပါလိမ့်မယ်။ မန္တ လေးမှာ သွေးစွန်းရင် ဖျက်ဖို့ခက် တယ်။ ဦးဆန်းဆင့် ကိစ္စပြီးက တည်းက သမ္မတကို မယုံတော့ ဘူး’’ ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က သမ္မတ ၏ မိန့်ခွန်းအပေါ် မှတ်ချက်ပေး သည်။
ပြုပြင်ပြောင်းလဲရေး လုပ် ငန်းစဉ်များ၏ အဓိကအရေးကြီး ဆုံးဖြစ်သည့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများကြောင့် လွတ် လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်၊ ရေးသားခွင့်များရရှိလာပြီး အရှေ့ တောင်အာရှတွင် မီဒီယာလွတ် လပ်မှုအမြင့်မားဆုံးနိုင်ငံများထဲ က တစ်နိုင်ငံအဖြစ် ရောက်ရှိခဲ့ ကြောင်း၊ သို့ရာတွင် မီဒီယာလွတ် လပ်မှုကို တိုင်းပြည်အကျိုးဖြစ်စေ မည့် ရေးသားပြောဆိုမှုများအ စား နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ပေးလာပါက တည်ဆဲ ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထပ်မံသတိပေးခဲ့သည်။
‘‘ပြီးခဲ့တဲ့ ဘာသာရေးအဓိကရုဏ်းဖန်တီးလှုံ့ဆော်မှုကို တားဆီးထိန်းသိမ်းတဲ့နေရာမှာ မန္တလေးပြည်သူလူထုက သမ္မတကြီးထက်သာတယ်ဆိုတာကို ထုတ်ပြီးဝန်ခံလိုက်တဲ့သဘောပါပဲ။ ဒါပေမဲ့ မန္တလေးလူထုကြီး မတတ်နိုင်တာကသမ္မတကြီးပြောတဲ့ နောက်ကွယ်က ဖန်တီးနေတဲ့ လူတွေနဲ့ အဖွဲ့အစည်းဆိုတာကြီးကို ဖော်ထုတ်ပြီး တကယ်မိအောင်ဖမ်းဖို့ပါပဲ။ ဒီတစ်ခါလည်း မမိပြန်ဘူးဆိုရင်တော့ အဲဒီနောက်ကွယ်က အဓိကရုဏ်းဖန်တီးရှင်တွေဟာ သမ္မတကြီးထက်သာတဲ့၊ ဒါမှမဟုတ် သမ္မတကြီး လက်လှမ်းမမီတဲ့လူတွေပဲဖြစ်ရမယ်လို့ ခန်းမှန်းရတော့မှာပေါ့ဗျာ’’ ဟု ရေဒီယိုမိန့်ခွန်းကို နားထောင်အပြီး စာနယ်ဇင်းသမားတစ်ဦးဖြစ်သော ဦးသီဟသွယ်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မှတ်ချက်ပြု ပြောဆိုသည်။
မန္တလေးမြို့တွင် လတ် တလောဖြစ်ပွားခဲ့သည့် ပဋိပက္ခ များသည် လူတစ်စု၊ အဖွဲ့အစည်း တစ်ခုက ရည်ရွယ်ချက်ရှိရှိဖြင့် တမင်ဖန်တီးလုပ်ဆောင်ခြင်းဖြစ် သည်ကို ရှင်းလင်းစွာ မြင်တွေ့ရမည်ဖြစ်သည်ဟု နိုင်ငံတော် သမ္မတက ထုတ်ဖော်ပြောကြား လိုက်သည်။
‘‘မန္တလေးမှာမြင်နေတဲ့ အ မြင်တွေက သွေးထိုးမှုတွေရှိတယ် လို့ မြင်ကြတယ်။ အဲဒီကိစ္စတွေ တကယ်လို့ ပေါ်ထွက်လာရင် လည်း သမ္မတအနေနဲ့ အရေးယူ ပေးရမှာပဲ။ သူလည်း ဒါတွေသိ လို့ ပြောတာပါ။ မသိဘဲနဲ့ ဒီလို ပြောမှာ မဟုတ်ဘူး။ သမ္မတက ပြတ်ပြတ်သားသား ပြောသွား တယ်လို့ ထင်တယ်။ မန္တလေးက လူတွေက တည်ငြိမ်အေးချမ်းချင် နေကြတာပဲ။ မန္တလေးတိုင်းဝန် ကြီးချုပ်ကလည်း အဲဒီလိုပြော ထားတာပဲ။ လှုပ်ရှားမှုမှန်သမျှ ဖမ်းဆီးထိန်းသိမ်းမယ်လို့လေ။ သမ္မတကြီးကလည်း ဒီလိုပြတ် ပြတ်သားသား ဆောင်ရွက်မယ် လို့ ယုံကြည်ပါတယ်’’ဟု မန္တလေး မြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီမှ နိုင်ငံခြားဘာသာ တက္ကသိုလ် အငြိမ်းစားပါမောက္ခ ဦးပိုမြင့်က သုံးသပ်သည်။
သွေးထိုးလှုံ့ဆော်မှုများ၊ ဥပဒေမဲ့လုပ်ဆောင်မှုများနှင့် ရန် ပြုမှုများကို ထောက်ခံအားပေး ခြင်းမပြုဘဲ တရားဥပဒေအတိုင်း ဖြစ်စေရေးအတွက် နိုင်ငံသားအားလုံးက အစိုးရနှင့်အတူ ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပြီးနိုင်ငံသားအချင်းချင်း အမုန်းတ ရားကြီးထွားစေမည့် အပြောအ ဆို၊ ရေးသားမှုများ၊ ပြုမူဆောင် ရွက်မှုများကို ရှောင်ရှားကြရန်၊ ပါဝင်လုပ်ဆောင်ခြင်းမပြုကြရန် လည်း တိုက်တွန်းသွားခဲ့သည်။
‘‘ဒီမိန့်ခွန်းက ကျွန်တော်တို့ မြို့ခံတွေအတွက်ကတော့ သိပ် မထူးလှဘူး။ လုံခြုံရေးဆောင်ရွက်တယ်ဆိုတာကလည်း ရဲတွေများ တာပဲ မြင်တယ်။ တကယ်ဖြစ်ရင် မတားနိုင်ဘူးလို့ ထင်တယ်။ လက် တွေ့မှာတော့ သိပ်အလုပ်ဖြစ် မယ် မထင်ဘူး’’ဟု မန္တလေးမြို့ တွင် နေထိုင်သူ ကိုနေအောင်က ပြောသည်။
မန္တလေးတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခကို သင်ခန်းစာယူ၍ မြန် မာနိုင်ငံ၏ အခြားမည်သည့်နေရာ ဒေသတွင်မှ ထပ်မံမဖြစ်ပွားစေ ရန်နှင့် သွေးထိုးလှုံ့ဆော်မှုများကို လည်း တရားဥပဒေနှင့်အညီ ပြတ်သားစွာ အရေးယူနိုင်ရန် ပြည်သူများက ပူးပေါင်းပါဝင်ကြရေးသမ္မတဦးသိန်းစိန်က တိုက်တွန်း ၍ အရေးပေါ်မိန့်ခွန်းကို နိဂုံးချုပ်ခဲ့ သည်။
‘‘ဒါက နိုင်ငံတော်အစိုးရတစ် ခုရဲ့ လုပ်သင့်လုပ်ထိုက်တဲ့အလုပ် ပါ။ အဲဒီလို ပြတ်ပြတ်သားသား ကိုင်တွယ်မှရမှာ။ အစိုးရတစ်ခု တည်းတော့ မရဘူး။ အစိုးရရော၊ စစ်တပ်ရော၊ သံဃာတွေရော၊ ပြည်သူတွေအားလုံးလည်း ပါမှ ရမှာ’’ဟု ဆရာတော်တစ်ပါးက သုံးသပ်မိန့်ကြားသည်။
မန္တလေးမြို့ ဖြစ်စဉ်များ ကြောင့် ဇူလိုင် ၃ ရက်က မန္တလေး မြို့နယ် ခြောက်မြို့နယ်၌ ည ၉ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့ သည်။ ယင်းအပြင် ပုသိမ်ကြီးမြို့ နယ်တွင်ပါ ဇူလိုင် ၄ ရက်၌ ပုဒ်မ ၁၄၄ ထပ်မံထုတ်ပြန်ခဲ့သည်။
မန္တလေးမြို့တွင် ဖြစ်ပွားခဲ့ သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဇူလိုင် ၅ ရက်အထိ အမှုပေါင်း ၁၅ မှုအနက် လူသတ်မှုနှစ်မှု၊ နာ ကျင်စေမှုသုံးမှု၊ မီးရှို့မှုတစ်မှု၊ ပြစ်မှု ပုဒ်မ ၃၂၄/၁၁၄ တစ်မှုတို့တွင် တရားခံ စုံစမ်းဆဲဖြစ်ပြီး ကျန် အခြားအမှုသုံးမှု၊ လက်နက်ပုဒ်မ ၁၉(က)နှစ်မှု၊ ရဲအက်ပုဒ်မ ၃၅ (ဃ) သုံးမှုတို့မှ ပြစ်မှုကျူးလွန်သူ ၁၆ ဦးတို့အား ဖမ်းဆီး၍ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်း နိုင်ငံတော် သမ္မတရုံး ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
http://www.7daydaily.com/story/15254
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်