မောင်တောနယ်စပ်ဒေသတွင် တစ်နှစ်အတွင်း တရားမဝင်တည်ဆောက်လိုက်သည့် နေအိမ်နှင့်ဆိုင်ခန်း တစ်ရာကျော်ရှိ

မာင်တောနယ်စပ်ဒေသ နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် (နစက)နှင့် ရဲတပ်ရင်းများ ကွပ် ကဲမှု အဖွဲ့မှူးရုံး (ရကဖ) တို့ တာဝန် အလွှဲအပြောင်းလုပ်နေချိန် တစ် နှစ်တာ ကာလအတွင်း မောင် တော နယ်စပ်ဒေသတွင် တရား မဝင် တည်ဆောက်လိုက်သည့် အဆောက်အအုံပေါင်း တစ်ရာ ကျော်ရှိနေကြောင်း မြို့နယ်စည် ပင်သာယာရေးအဖွဲ့မှ သတင်း ရရှိသည်။

မောင်တော မြို့ပေါ်နှင့် ကျေးရွာများတွင် ဆိုင်ခန်းနှင့် နေအိမ်အဆောက်အအုံများ ဆောက် လုပ်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ တရားမဝင်တည် ဆောက်ထားသည့် အဆောက် အအုံများကို ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး လက်ရှိ ဆောက်လုပ်ဆဲ နေအိမ် အဆောက်အအုံများကိုလည်းလုပ်ငန်းများ ရပ်ဆိုင်းထားရန်  ညွှန်ကြားထား ကြောင်း မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။ မောင်တော နယ်စပ်ဒေသ တွင် လူနေအိမ်များကို လယ်ယာ မြေများပေါ်တွင် တိုးချဲ့တည် ဆောက်မှု များရှိလာခြင်း ဖြစ် သည်။ ရခိုင်ပြည်နယ်လွှတ်တော်မှ ပြဋ္ဌာန်းအတည်ပြုထားသည့် စည် ပင်သာယာရေးဥပဒေပုဒ်မ ၂၃ (က)တွင် မြို့နယ်စည်ပင်သာယာ ရေးကော်မတီမှ ခွင့်ပြုချက်မရှိ၍ ဖြစ်စေ၊ ခွင့်ပြုချက်ပါသတ်မှတ်  ချက်များနှင့် ညီညွတ်မှုမရှိရန် ဖြစ်စေ၊ အဆောက်အအုံဆောက်လုပ် သည်ကို ရပ်ဆိုင်းထားစေခြင်း၊ ပြန်လည်ပြုပြင်စေခြင်း (သို့မဟုတ်) ဖြိုဖျက်စေခြင်းတို့ကို မြေပိုင်ရှင် (သို့မဟုတ်) အဆောက် အအုံပိုင်ရှင် (သို့မဟုတ်) လက်ရှိ နေထိုင်သူအား ညွှန်ကြားနိုင် သည်ဟု ပြဋ္ဌာန်းထားသည်။

http://www.7daydaily.com/story/15264#.U7ud1oNuvJs

0 မှတ်ချက်များ: