လပွတ္တာ YGW ပရဟိတမိဘမဲ့ကျောင်းကိစ္စ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

လပွတ္တာမြို့နယ်ရှိ YGW ပရဟိတမိဘမဲ့ကျောင်းတွင် ကလေးငယ်အချို့ ညှဉ်းပန်းနှိပ် စက်ခံရကြောင်း သတင်းထွက် ပေါ်လာပြီးနောက် ယင်းကျောင်း ကို စစ်ဆေးရန် သာသနာရေးဦးစီး ဌာနအပါအဝင် ဌာနဆိုင်ရာများ နှင့် လူမှုရေးအဖွဲ့များပါသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ ကြောင်း သတင်းရရှိသည်။
လပွတ္တာမြို့နယ် အပြင်ရေ ဆိုင်ကျေးရွာအုပ်စုရှိ YGW ပရ ဟိတမိဘမဲ့ကျောင်းတွင် ကလေး ငယ်များ ညှဉ်းပန်းနှိပ်စက်ခံရမှုကို အရေးယူမည်ဖြစ်ကြောင်း လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားပြီးနောက် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းခြင်းဖြစ်သည်။
ယင်းအဖွဲ့တွင် လပွတ္တာမြို့ နယ် သာသနာရေးမှူး၊ ပညာရေး မှူး၊ လပွတ္တာခရိုင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ အတွင်း ရေးမှူးနှင့် လူငယ်အားမာန်သင် တန်းကျောင်း ကျောင်းအုပ်ကြီးတို့ ပါဝင်ကြောင်း လပွတ္တာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိ သည်။
သံဃာတော်များက နေအိမ် ပြန်လိုသော ကလေးများကို ကြိမ် လုံးဖြင့် ရိုက်နှက်ပြီး ကလေးတစ် ဦး၏ မိခင်ကိုလည်း ယင်းကလေး ကိုယ်စား ရိုက်နှက်ခဲ့၍ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၊  လွှတ်တော်ကိုယ်စား လှယ်များနှင့် ဒေသခံအချို့က ပြောသည်။ ကလေးငယ်အချို့ နှိပ်စက်ညှဉ်းပန်းခံနေရသည့် သတင်းမှာ ပြည်သူလူထုနှင့် ပရဟိတအဖွဲ့များအကြား ဝေဖန်မှုများ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေသည်။
အဆိုပါ YGW ပရဟိတ မိဘမဲ့ဂေဟာကို သက်တော် (၃၀)ခန့်ရှိ သံဃာတော်လေးပါးက ဦးဆောင်ဖွင့်လှစ်ထားပြီး ကလေးငယ်အချို့ နှိပ်စက်ညှဉ်းပန်းခံရ ကြောင်း သတင်းထွက်ပေါ်လာပြီး နောက် အုပ်ချုပ်ရေးတာဝန်ရှိသူ များက သွားရောက်စစ်ဆေးပြီး မိဘအုပ်ထိန်းသူများကလည်း ၎င်းတို့၏ သား၊ သမီးများကို ပြန်လည်ခေါ်ယူနေကြသည်။ ယင်းကျောင်းတွင် အသက် (၂)နှစ်ခန့်မှ (၁၅)နှစ်အရွယ်ကြား ကလေးငယ်နှင့်ကျောင်းသား ၁၅၀ ဦးခန့်ရှိနေပြီး မိဘမဲ့ ကလေးများပါသကဲ့သို့ မိဘအုပ်ထိန်းသူများက ကျောင်းလာအပ်ထားသူများလည်း ရှိနေ သည်။ မေလ ၁၉ ရက်အထိ အ သက် (၆)နှစ်မှ (၁၅)နှစ်ကြား ကျောင်းသား ၂၅ ဦး၊ ကျောင်းသူကိုးဦး  စုစုပေါင်း ၃၁ ဦးကို မိဘအုပ်ထိန်းသူများက ပြန်လည်ခေါ် ဆောင်သွားကြောင်း လပွတ္တာမြို့ နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်း ရရှိသည်။ YGW ပရဟိတမိဘမဲ့ ကျောင်းများသည် မြန်မာနိုင်ငံ အနှံ့တွင် ၁၇ ကျောင်းရှိသည်။လပွတ္တာမြို့နယ်ရှိ YGW ပရဟိတမိဘမဲ့ကျောင်းမှ ထွက်ပေါ်နေ သော သတင်းများသည် သတင်း မှားများဖြစ်ကြောင်း YGW ကျောင်းမှ ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ (ဗဟို)က မေလ ၁၈ ရက်တွင် သတင်းထုတ်ပြန်ထား သည်။
7 Day Daily

0 မှတ်ချက်များ: